27.1K
Downloads
438
Episodes
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သည့် တရားတော်များမှာ ၁၃၈၅-ခုနှစ် သီတင်းကျွတ်လအထိ စာရင်းများအရ ၄၅၀-ပုဒ် ခန့် ရှိပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေဆိုထားသည့် ဆဋ္ဌသံဂါယနာတင် ပါဠိတော်အမေးအဖြေများ ကိုထည့်သွင်းမည်ဆိုလျှင် တရားတော်စာရင်းမှာ ယခုထက် ပိုမိုပါလိမ့်မည်။ ခေတ်အဆက်ဆက် တိပ်ရီကော်ဒါ၊ ကက်ဆက်၊ CD-DVD ဖွင့်စက်၊ MP3 ဖွင့်စက် တို့ဖြင့် စဉ်ဆက်မပြတ် ဖြန့်ချိလာခဲ့သည့် မဟာစည်တရားတော်များကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ၁၃၈၅-ခုနှစ် သီတင်းကျွတ်လ မှ စ၍ အင်တာနက်ပေါ်မှ နာယူနိုင်သည့် Mahasi Dhamma Podcast - မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) အဖြစ် ကမ္ဘာအရပ်ရပ်မှ တရားလိုလားသူများနာယူတော်မူနိုင်ရန် ထုတ်လွင့်ပေးလျက်ရှိပါသည်။ မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) ကို Apple iTune, Google Podcast, Amazon Music နှင့် အခြားကျော်ကြားသည့် Podcast Directories များပေါ်တွင် ကြေငြာလွင့်တင်ထားရှိပါသည်။ မဟာစည်ပေါ့ဒ်ကပ်(စ်)ဓမ္မဒါနကုသိုလ်၊ အကြံပြုလိုသည်များနှင့် အသေးစိတ်သိလိုသည်များကို မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင်၊ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း- (+၉၅၉) ၉၅၂၁၉၈၈၀၂၊ အီးမေးလ်- mahasi.meditationcenter@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ----------------------------------------------- မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။ မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။

Oct 23, 2024
သလ္လေခသုတ် (၁၂-၁၂) ၁၃၃၂ တပို့တွဲလကွယ်နေ့
Oct 23, 2024
Oct 23, 2024
1 hr 7 min
မဟာစည်ဆရာတော်ဘုရားကြီးသည် သလ္လေခသုတ်တရားတော်ကြီးကို တရားဟောရာနေရာများစွာတွင် ဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ဌာနအသီးသီးတွင် ဟောကြားတော်မူခဲ့ရာ
- ရန်ကုန်သာသနာ့ရိပ်သာတွင် ၁၃၂၀-ခုနှစ် ဝါဆိုလမှ စတင်၍ သီတင်း (၇) ပတ်ကြာ တကြိမ်၊
- ၁၃၃၁-ခုနှစ် နှောင်းတန်းခူး လဆန်း (၈) ရက် သင်္ကြန်အကျနေ့ မှ စတင်၍ သီတင်း (၁၂) ပတ်ကြာ တကြိမ် နှင့်
- ၁၃၃၂-ခုနှစ် တန်ဆောင်မုန်းလဆုတ် (၈) ရက် မှ စတင်၍ သီတင်း (၃) ပတ်ကြာ မန္တလေးမြို့၊ ရတနာပုံသာသနာ့ရိပ်သာတွင် တကြိမ်
ဟောကြားတော်မူခဲ့သည်များကို ထိန်းသိမ်းရရှိခဲ့သည့် တရားတော်ဆောင်ပုဒ်စာရွက်များ မှ မှတ်တမ်းသိမှတ်ခဲ့ရပါသည်။
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ မဟာစည်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၊ သာသနာ့ရိပ်သာဖလ်ယဥ် ဓမ္မာရုံတော်ကြီး၌ ၁၃၃၁ နှောင်းတန်ခူးလဆန်း (၈) ရက် သင်္ကြန်အကျနေ့၊ အင်္ဂါနေ့ (၁၉၇၀-ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့) မှစ၍ ၁၃၃၂ ခုနှစ် တပို့တွဲလကွယ်နေ့ ဗုဒ္ဓဟူးနေ့ (၁၉၇၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့) အထိ အခွင့်သာသော ဥပုသ်သီတင်းနေ့များတွင် (၁၂) သီတင်းကြာ ဟောကြားတော်မူခဲ့သော တရားတော်အသံ ၁၂-ပိုင်း ထဲမှ တရားတော်အသံ ၁၁-ပိုင်းကို စုစည်းထိန်းသိမ်းနိုင်ခဲ့ပါသည်။ ၁၃၃၂ ခုနှစ် တပို့တွဲလပြည့်နေ့ တွင်ဟောကြားတော်မူသော အပိုင်း-၁၁ ကို မစုစည်းနိုင်သေးပါ။ ထိုတရားတော်အပိုင်းများကို တွေ့ရှိခဲ့ပါလျှင် "မဟာစည်ပရိယတ္တိပဋိပတ္တိ စာပေပြန့်ပွားရေး အဖွဲ့" ဖုန်းနံပါတ် +၉၅ ၉ ၄၃၀၃၁၅၉၁, Email- ytaung@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ရန် အသိပေးအပ်ပါသည်။
Oct 23, 2024
1 hr 7 min

No comments yet. Be the first to say something!