27.2K
Downloads
438
Episodes
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သည့် တရားတော်များမှာ ၁၃၈၅-ခုနှစ် သီတင်းကျွတ်လအထိ စာရင်းများအရ ၄၅၀-ပုဒ် ခန့် ရှိပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေဆိုထားသည့် ဆဋ္ဌသံဂါယနာတင် ပါဠိတော်အမေးအဖြေများ ကိုထည့်သွင်းမည်ဆိုလျှင် တရားတော်စာရင်းမှာ ယခုထက် ပိုမိုပါလိမ့်မည်။ ခေတ်အဆက်ဆက် တိပ်ရီကော်ဒါ၊ ကက်ဆက်၊ CD-DVD ဖွင့်စက်၊ MP3 ဖွင့်စက် တို့ဖြင့် စဉ်ဆက်မပြတ် ဖြန့်ချိလာခဲ့သည့် မဟာစည်တရားတော်များကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ၁၃၈၅-ခုနှစ် သီတင်းကျွတ်လ မှ စ၍ အင်တာနက်ပေါ်မှ နာယူနိုင်သည့် Mahasi Dhamma Podcast - မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) အဖြစ် ကမ္ဘာအရပ်ရပ်မှ တရားလိုလားသူများနာယူတော်မူနိုင်ရန် ထုတ်လွင့်ပေးလျက်ရှိပါသည်။ မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) ကို Apple iTune, Google Podcast, Amazon Music နှင့် အခြားကျော်ကြားသည့် Podcast Directories များပေါ်တွင် ကြေငြာလွင့်တင်ထားရှိပါသည်။ မဟာစည်ပေါ့ဒ်ကပ်(စ်)ဓမ္မဒါနကုသိုလ်၊ အကြံပြုလိုသည်များနှင့် အသေးစိတ်သိလိုသည်များကို မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင်၊ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း- (+၉၅၉) ၉၅၂၁၉၈၈၀၂၊ အီးမေးလ်- mahasi.meditationcenter@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ----------------------------------------------- မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။ မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။

Dec 8, 2023
Dec 8, 2023
1 hr 43 min
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဘာရသုတ္တန်တရားတော်ကြီးကို ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံကြီး၌ ၁၃၂၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ နှင့် ၁၃၂၈-ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့များတွင် ဟောကြားတော်မူခဲ့ပါသည်။ ဤတရားတော်ကြီးကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က အသံဖိုင်မှတ်တမ်းအဖြစ် စုစည်းရရှိပါသည်။ အသံဖိုင်အားဖြင့် ၂-ဖိုင် ဖြစ်ပါသည်။
ဤဘာရသုတ္တန်တရားတော်ကြီးကို ကျေးဇူးရှင်ဆရာတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားထားသည်မှာ ကြားနာကောင်းရုံ ဟောထားသော သာမညတရားမဟုတ်ပေ၊ နာယင်း ဖတ်ရှုယင်းပင် ငြီးငွေ့မှု နိဗ္ဗိန္ဒဉာဏ်ကို ဖြစ်ပွားစေလျက် အသက်ထက်ဆုံး စိတ်နှလုံး၌ သိမ်းကျုံးသိုမှီး ထားထိုက်လောက်အောင် စကားဝါကျ အနေအထား ပုဒ်သွားပုဒ်လာ ဥပမာ ဥပမေယျတို့ဖြင့် သိုက်မြိုက်စုံလင်စွာတန်ဆာဆင်လျက် ဖွင့်လှစ်ဟောကြားထားအပ်သော တရားတော်ကြီး ဖြစ်၍ နာယူကြည့်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါရစေ . . . ။ ဤ Episode သည် မဟာစည်ဆရာတော်ကြီး ၁၃၂၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောကြားတော်မူထားသည့် ဘာရသုတ္တန်တရားတော်-၁ ဖြစ်ပါသည်။
- ၁၃၃၁-ခုနှစ်_ဘာရသုတ္တန်တရားတော်ကြီး+ဗြဟ္မစိုရ်တရားတော်_မဟာစည်ဆရာတော်
- မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ
မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။
Dec 8, 2023
1 hr 43 min

No comments yet. Be the first to say something!