19.7K
Downloads
438
Episodes
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သည့် တရားတော်များမှာ ၁၃၈၅-ခုနှစ် သီတင်းကျွတ်လအထိ စာရင်းများအရ ၄၅၀-ပုဒ် ခန့် ရှိပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေဆိုထားသည့် ဆဋ္ဌသံဂါယနာတင် ပါဠိတော်အမေးအဖြေများ ကိုထည့်သွင်းမည်ဆိုလျှင် တရားတော်စာရင်းမှာ ယခုထက် ပိုမိုပါလိမ့်မည်။ ခေတ်အဆက်ဆက် တိပ်ရီကော်ဒါ၊ ကက်ဆက်၊ CD-DVD ဖွင့်စက်၊ MP3 ဖွင့်စက် တို့ဖြင့် စဉ်ဆက်မပြတ် ဖြန့်ချိလာခဲ့သည့် မဟာစည်တရားတော်များကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ၁၃၈၅-ခုနှစ် သီတင်းကျွတ်လ မှ စ၍ အင်တာနက်ပေါ်မှ နာယူနိုင်သည့် Mahasi Dhamma Podcast - မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) အဖြစ် ကမ္ဘာအရပ်ရပ်မှ တရားလိုလားသူများနာယူတော်မူနိုင်ရန် ထုတ်လွင့်ပေးလျက်ရှိပါသည်။ မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) ကို Apple iTune, Google Podcast, Amazon Music နှင့် အခြားကျော်ကြားသည့် Podcast Directories များပေါ်တွင် ကြေငြာလွင့်တင်ထားရှိပါသည်။ မဟာစည်ပေါ့ဒ်ကပ်(စ်)ဓမ္မဒါနကုသိုလ်၊ အကြံပြုလိုသည်များနှင့် အသေးစိတ်သိလိုသည်များကို မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင်၊ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း- (+၉၅၉) ၉၅၂၁၉၈၈၀၂၊ အီးမေးလ်- mahasi.meditationcenter@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ----------------------------------------------- မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။ မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။

မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သည့်တရားတော်များ
ခေတ်အဆက်ဆက်တည်တံ့နေပုံ
မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၀၀-ပြည့် ရွှေဘိုမြို့ ဆိပ်ခွန် မဟာစည်သာသနာ့ရိပ်သာတွင် ကမ္မဋ္ဌာန်းတရားစတင်ပြသတော်မူသည် မှ ရန်ကုန်မြို့သာသနာ့ရိပ်သာသို့ ကြွရောက်သီတင်းသုံး၍ စံလွန်တော်မူသည့် ၁၃၄၄-ခုနှစ်တိုင်၊ ၄၄-နှစ်တာကာလအတွင်း– သတိပဋ္ဌာန်-ဝိပဿနာတရားတော်၊ ကမ္မဌာန်းတရားတော်၊ ဗုဒ္ဓဝါတော်စဥ်တရားတော်၊ သြဝါဒတရားတော် နှင့် အနုမောဒနာတရားတော် များစွာတို့ကို ပြည်တွင်း-ပြည်ပ တရားဟောဌာနများစွာတို့တွင် ရဟန်း, ရှင်, လူပရိတ်သတ် များစွာတို့ ကို ဟောကြားပြသဆုံးမတော်မူခဲ့ပါသည်။
၁၃၂၄/၁၉၆၂-ခုနှစ် ဆဋ္ဌသံဂါယနာတင်ပွဲကျင်းပပြီးစီးသည့်နောက်မှ စ၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသိန်းအောင်၊ ကျောင်းဒယကာ ဦးကြင်ပိုး၊ B.A B.L တရားသူကြီးဦးသိန်းဟန် စသည့် ပုဂ္ဂိုလ်ကြီးများသည် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ရေရှည်တည်တံ့ ပြန့်ပွား စေခြင်း အကျိုးငှာ တရားပွဲအစဉ်တိုင်းကို (Reel) တိပ်ရီကော်ဒါများဖြင့် အသံဖမ်းယူခဲ့ကြပါသည်။ တရားတော်ခေါင်းစဉ်၊ ဟောကြားတော်မူခဲ့သည့်နေ့၊ တိပ်အသံဖမ်းခြင်းနှင့် ဆိုင်သည့် အချက် အလက်များ ကို တိပ်ရီကော်ဒါခွေများ နှင့် တိပ်ခွေအဖုံးများပေါ်တွင် မှတ်သားဖော်ပြခဲ့ကြပါသည်။
၁၃၄၁-ခုနှစ် နောက်ပိုင်း (၁၉၈၀-ခုနှစ် နောက်ပိုင်း) တွင် C-60, C-30 တိပ်ခွေများနှင့် ဖွင့်နိုင်သည့် ကက်ဆက်-တိပ်ရီကော်ဒါများ အသုံးများသည့်ကာလသို့ ရောက်ရှိလာပြီး ယခင်အသုံးပြုခဲ့သည့် အသံဖမ်း (Reel) တိပ်ရီကော်ဒါများ နှင့် (Reel) တရားတော်တိပ်ခွေအသုံးပြုမှုများ လျော့နည်းလာ ခဲ့ပါသည်။
နှစ်ကာလကြာမြင့်လာသည့် (Reel) တိပ်ခွေများ၏ သံလိုက်အားများ လျော့နည်းခြင်း၊ တိပ်သားများ ပျက်စီးခြင်း၊ (Reel) တိပ်ရီကော်ဒါများ၏ အပိုပစ္စည်းများထပ်မံမထုတ်လုပ်တော့ခြင်း စသည့်အကြောင်း များကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က (Reel) တိပ်ခွေတရားတော်များကို ကက်ဆက်-တိပ်ရီကော်ဒါ များဖွင့်နိုင်သည့် C-60 ကက်ဆက်တိပ်ခွေတရားတော်များအဖြစ် စတင်ကူးယူ၍ မဟာစည်တရားတော် တိပ်ခွေများကို ကျမ်းစာအုပ်များနှင့်အတူ ဖြန့်ချိခဲ့ပါတော့သည်။ နှစ်ကာလ ကြာမြင့်သည်ဖြစ်၍ အချို့သော (အနည်းငယ်သော) (Reel) တိပ်ခွေများ၏ တရားတော်အသံများကို ကူးယူနိုင်ခြင်းမရှိခဲ့ပါ။
၂၀၀၃-ခုနှစ်တွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ ဥက္ကဋ္ဌ ကြီး ဦးဝင်းထိန် (၂၀၀၇ – ၂၀၁၄) ဦးဆောင်၍ ကိုရဲထွန်းအောင်၊ ကိုမောင်မောင်သန့် (ရွှေပုစွန်) ၊ မဟာစည်သာသနာ့ရိပ်သာအသံဖမ်း ဦးဝင်းတင် တို့ သည် C-60 တိပ်ခွေများမှ တရားတော်များ ကို MP3 ဖိုင်များအဖြစ် စတင်ပြောင်းလဲခဲ့ကြပါသည်။ သို့သော် C-60 ကက်ဆက်တိပ်ခွေများဖြင့်ကူးပြောင်းရရှိသည့် တရားတော်များတွင် မဟာစည်တရားတော်များ အားလုံး မပါဝင်သေးသဖြင့် ၂၀၀၇/၈-ခုနှစ်တွင် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ ဥက္ကဋ္ဌကြီး ဦးဝင်းထိန် ဦးဆောင်၍ မဟာစည် ပရိယတ္တိပဋိပတ္တိ စာပေပြန့်ပွားရေးအဖွဲ့ အုပ်ချုပ် ရေးမှူး ဦးအေးမြင့် နှင့် မဟာစည် အသံဖမ်း ဦးဝင်းတင်တို့သည် မဟာစည်တရားတော် (Reel) ခွေများကို တေးပုလဲ-တေးသံသွင်း ကိုစန်းလွင် နှင့် ဆက်သွယ်၍ MP3 တရားတော်များအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ရာ– ၂၀၀၉-၂၀၁၀-ခုနှစ် တွင် မဟာစည်တရားတော် များ အားလုံး၏ ၈၀% ခန့်ကို ပြောင်းလဲပြီးစီးခဲ့ပါသည်။ ပြောင်းလဲပြီး သည့် မှတ်တမ်းကို “Master Reel များမှ ကူးယူ ထားသော DVD, VCD, MP3 ခွေများနှင့် နေ့စဉ် ဟောကြားသော တရားတော်များ မှတ်တမ်း စာရင်း” စာအုပ်တွင် ဖော်ပြထား သည်ကိုတွေ့ရှိ ရပါသည်။
မဟာစည်သာသနာ့ရိပ်သာကြီးတွင် ၁၉၆၃-ခုနှစ် မှ ၁၉၇၄-ခုနှစ် အထိ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသိန်းအောင်သည် တရားတော်များကို အသံဖမ်းယူခဲ့စဉ် မိမိကိုယ်ပိုင် သီးသန့်သိမ်းဆည်းရန်ရည်ရွယ်၍ (Reel) တိပ်ခွေမူပွားတစ်ခုကို ကူးယူသိမ်းဆည်းခဲ့ပါသေး သည်။ ထိုသိမ်းဆည်းခဲ့သည့် (Reel) တရားခွေများကို ဦးသိန်းအောင် မကွယ်လွန်မီကပင် ပဏ္ဍိတာရာမ-ရွှေတောင်ကုန်းဆရာတော်ကြီးထံ လှူဒါန်းအပ်နှံခဲ့ပါသည်။ (စကားချပ်။ ။ ဤတရားတော်များတွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ MP3 ပြောင်းလဲပြီးဖြစ်သည့် တရားတော်များတွင် မပါရှိသေးသည့် တရားတော် များပါဝင်ပါသည်။)
၂၀၁၀-ခုနှစ်သို့ ရောက်ရှိသည့်အခါ ပဏ္ဍိတာရာမ-ရွှေတောင်ကုန်းသာသနာ့ရိပ်သာတွင် သီတင်းသုံးသည့် ဆရာလေးဒေါ်အရိယာက မဟာစည်တရားတော်များကို အရှည်တည်တံ့စေရန် ဦးသိန်းအောင် လှူဒါန်းခဲ့သည့် (Reel) တရားတော်ခွေများကို MP3 အသံဖိုင်များအဖြစ် ကူးပြောင်းရန် ဆောင်ရွက်ခဲ့ ပါသည်။ ထိုအချိန်တွင် (Reel) တိပ်ရီကော်ဒါများမှာ အသုံးပြုမှုမရှိသလောက် နည်းပါးနေပြီ ဖြစ်သော်လည်း ရွှေတောင်ကုန်းဆရာတော်ကြီး၏ တပည့်အမေရိကန်ယောဂီ Andrew က ဆရာလေး ဒေါ်အရိယာတို့၏ MP3 ကူးပြောင်းခြင်း လုပ်ငန်းတွင် အသုံးပြုရန် SONY TC-377 Tape Recorder တလုံးကို (အင်တာနက်ပေါ်မှ) ဝယ်ယူလှူဒါန်းခဲ့ပါသည်။ သို့သော် အိမ်သုံးတိပ်ရီကော်ဒါ ဖွင့်စက်ဖြစ်သဖြင့် ပြောင်းလဲရရှိသည့် MP3 တရားတော်များ၏ အသံကြည်လင်မှုကို ဆရာလေးဒေါ်အရိယာ မှာ အားမရ ဖြစ်နေခဲ့သည့်အပြင် များပြားလှသည့် တရားတော်များကို ဆောင်ရွက်ရခြင်းကြောင့် ဆရာလေး ဒေါ်အရိယာတို့၏ MP3 ကူးပြောင်းသည့်လုပ်ငန်းမှာ ဝန်နှင့်အား မမျှပဲ ဖြစ်နေခဲ့ရပါသည်။
ထို့နောက် ဆရာလေးအရိယာ က ပဏ္ဍိတာရာမ-ရွှေတောင်ကုန်းသာသနာ့ရိပ်သာအမှုဆောင်ဖြစ်သူ ဒေါက်တာဝင်းနိုင်ထွန်းကို ပြောပြခဲ့ပါသည်။ ဒေါက်တာဝင်းနိုင်ထွန်းက ဆရာလေးအရိယာ တို့ ဆောင်ရွက်လျက်ရှိသည့် (Reel) တရားတော်အခွေများကို ဌားရမ်း၍ ပိုမိုအရည်အသွေး ကောင်းမွန်သည့် MP3 ဖိုင်များအဖြစ် ပြောင်းလဲနိုင်ပါရန် ဓမ္မမိတ်ဆွေဒေါက်တာဝင်းနိုင်ကျော်အား ပေးအပ်ခဲ့ပါ သည်။
ဒေါက်တာဝင်းနိုင်ကျော်က မဟာစည်သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ ဥက္ကဋ္ဌကြီး ဦးဝင်းထိန်၊ ဦးဝင်းထိန်တို့နှင့် သိကျွမ်းသည့် တေးပုလဲ-တေးသံသွင်း ကိုစန်းလွင် စသည့်ပုဂ္ဂိုလ် များနှင့် ဆက်သွယ်၍ ပဏ္ဍိတာရာမ-ရွှေတောင်ကုန်းသာသနာ့ရိပ်သာရှိ (Reel) တိပ် ခွေတရားတော်များ ကို MP3 အသံဖိုင်များသို့ ကူးပြောင်းခြင်းကို ဆောင်ရွက်ခဲ့ပါတော့သည်။
ထိုသို့ဆောင်ရွက်လျက်ရှိကြောင်းကို ဆိပ်ခွန်-မဟာစည်သာသနာ့ရိပ်သာ ဆရာတော်များ၊ အင်ဂျင်နီယာ-ဦးထွန်းမြင့်လင်း (မဟာစည်ယောဂီဟောင်း ဦးညိုမောင် နှင့် ဒေါ်ထူးတို့၏သားဖြစ်သူ) စသည့် ဆရာတော် များ နှင့် ပုဂ္ဂိုလ်အသီးသီးတို့ သိရှိလာကြသည့်အခါ ၎င်းတို့လက်ဝယ်တွင် ထိန်းသိမ်းထားရှိသည့် တရားတော် (Reel) တိပ်ခွေများကို ဒေါက်တာဝင်းနိုင်ကျော်ထံ MP3 အသံဖိုင်များ ကူးပြောင်းနိုင်ရန် ပေးအပ်ခဲ့ကြပါသည်။
ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့အတွင်းရေးမှူး ဦးသိန်းအောင်၏ ပဏ္ဍိတာရာမ-ရွှေတောင်ကုန်းသာသနာ့ ရိပ်သာရှိ (Reel) တရားတော်တိပ်ခွေများ၊ ဆိပ်ခွန်မဟာစည်သာသနာ့ရိပ်သာရှိ (Reel) တရားတော်တိပ်ခွေများ၊ မဟာစည်ယောဂီဟောင်း ဦးညိုမောင်-ဒေါ်ထူးတို့၏ (Reel) တရားတော် တိပ်ခွေများ အားလုံးပေါင်းလျှင် ၁၂၇-ခွေ ခန့်ရှိပါသည်။ ၄င်းတို့ကို ဒေါက်တာဝင်းနိုင်ကျော်က တေးပုလဲတေးသံသွင်းသို့ အကြိမ် ၁၀ ကြိမ် ခွဲပို့ဆောင်၍ (Reel) ရီကော်ဒါဖွင့်စက် နှင့် MP3 အသံဖိုင် များအဖြစ် ပြောင်းလဲကာ Computer Hard-disk များတွင် သိမ်းဆည်းနိုင်ခဲ့ပါသည်။
တေးပုလဲ-ဦးစန်းလွင်၏ (Reel) ရီကော်ဒါစက်စွမ်းဆောင်နိုင်မှုအရ တရားတော်များကို ၁-နာရီကြာ MP3 အသံဖိုင်များအဖြစ် ပြောင်းယူပေးခဲ့ပါသည်။ ဒေါက်တာဝင်းနိုင်ကျော် က ထို ၁-နာရီ တရားတော် MP3 အပိုင်းများကို (မူလတရားတော်များကို အသံဖမ်းယူခဲ့သူ ဦးသိန်းအောင်၏ အမှတ်အသားများ အတိုင်း) ပေါင်းစပ် ပေးနိုင်ခဲ့ပါသည်။ တစ်နှစ်ခန့်အချိန်ယူ ဆောင်ရွက်ခဲ့ရပြီးနောက် ထို (Reel) တိပ်ခွေများကို MP3 တရားတော်အသံဖိုင်များအဖြစ် ကူးပြောင်းနိုင်ခဲ့ပါတော့သည်။
ပြောင်းလဲရရှိသည့် မဟာစည် MP3 တရားတော်များမှာ မဟာစည်သာသနာ့ရိပ်သာ (Reel) တိပ်ခွေ များမှ ၈၀%-ခန့်၊ ပဏ္ဍိတာရာမ-ရွှေတောင်ကုန်းသာသနာ့ရိပ်သာ(Reel) တိပ်ခွေများမှ ၁၅%-ခန့်၊ ဆိပ်ခွန် မဟာစည်သာသနာ့ရိပ်သာ ဦးမြင့်အောင် နှင့် ဦးထွန်းမြင့်လင်းတို့၏ (Reel) တိပ်ခွေများမှ ၅%-ခန့် အသီးသီးဖြစ်သည်ဟု ဆိုနိုင်ပါသည်။
လုပ်ငန်းဆောင်ရွက်ပြီးစီးချိန်တွင် ဒေါက်တာဝင်းနိုင်ကျော်က ဆိပ်ခွန်-မဟာစည်သာသနာ့ရိပ်သာ နှင့် ပဏ္ဍိတာရာမ-ရွှေတောင်ကုန်းသာသနာ့ရိပ်သာ (Reel) တိပ်ခွေများကို ဆိုင်ရာတရားရိပ်သာများသို့ ပြန်လည်ပို့ဆောင်ပေးအပ်ခဲ့ပါသည်။ ဦးထွန်းမြင့်လင်းမှာ ၎င်း၏ (Reel) တိပ်ခွေ ၄၄-ခွေကို ပြန်မယူတော့ပဲ လှူဒါန်းသဖြင့် ဒေါက်တာဝင်းနိုင်ကျော်က ခေတ္တသိမ်းဆည်းထားပြီး၍ - ၂၀၂၂-ခုနှစ် အောက်တိုဘာလ ၉-ရက်နေ့တွင် မဟာစည်သာသနာ့ရိပ်သာ မှတ်တမ်းထိန်းသိမ်းရေးအဖွဲ့သို့ လွဲအပ် လှူဒါန်းခဲ့ပါသည်။
MP3 အသံဖိုင်ကူးပြောင်းသည့် လုပ်ငန်းစီမံ ဆောင်ရွက်မှုများကို ဒေါက်တာဝင်းနိုင်ကျော်က ဓမ္မကုသိုလ်၊ တာဝန်ယူဆောင်ရွက်ခဲ့ပြီး လုပ်ငန်းကုန်ကျစရိတ်များကို ဒေါက်တာဝင်းနိုင်ကျော်၏ ဓမ္မမိတ်ဆွေ (ထိုစဉ်က) ရွှေတောင်ကုန်းသာသနာ့ရိပ်သာအမှုဆောင် ဒေါက်တာဝင်းနိုင်ထွန်း က ကုသိုလ်ပါဝင် လှူဒါန်းပါသည်။
ဤနည်းအားဖြင့် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သည့် တရားတော်များသည် (Reel) တိပ်ခွေများ၊ C-60 တိပ်ခွေများ၊ CD ခွေများဖြင့် ခေတ်အဆက်ဆက် ဖြတ်သန်း၍ ၁၃၇၂/၁၃၇၃-ခုနှစ် (၂၀၁၀/၂၀၁၁-ခုနှစ်) သို့ရောက်ရှိသည့်အခါ ကွန်ပြူတာများ၊ မိုဘိုင်းဖုန်းများ နှင့် အင်တာနက်ပေါ်တွင် သိမ်းဆည်းကူးယူပြန့်ပွားနိုင်သည့် MP3 တရားတော်အသံများအဖြစ်သို့ ပြောင်းလဲရောက်ရှိခဲ့ပါတော့ သည်။
၂၀၁၅-ခုနှစ် သင်္ကြန်တွင်းကာလတခုတွင် ဒေါက်တာဝင်းနိုင်ကျော်က ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ပြောင်းလဲ ပြီးစီးထားသည့် MP3 တရားတော် CD ခွေများနှင့် အခြားဌာနများ၏ (Reel) တိပ်ခွေ ၁၂၇-ခွေ မှ ပြောင်းလဲ ရရှိသည့် MP3 တရားတော်များကိုနာယူပြီး တရားတော်အစဉ်စာရင်းကို ပြုစုခဲ့ပါသည်။ ထို့နောက် ၂၀၁၅-ခုနှစ်တွင် ဒေါက်တာဝင်းနိုင်ကျော် က ထို MP3 တရားတော်များနှင့် တရားတော်အစဉ်စာရင်းကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့သို့ မဟာစည်ပရိယတ္တိပဋိပတ္တိစာပေပြန့်ပွားရေးအဖွဲ့ အတွင်းရေးမှူး-ဦးဝင်းစိုး မှတဆင့် ပေးအပ်ခဲ့ရာ ထို တရားတော် MP3 ဖိုင်များကို ၂၀၁၅-ဇူလိုင်လ ၂၀-ရက်မှ စတင်၍ Memory Stick များ, SD Card များ, MP3 Player များဖြင့် မဟာစည်သာသနာ့ရိပ်သာကျမ်းစာအုပ် အရောင်းဆိုင်မှ ဖြန့်ချိခဲ့ပါတော့သည်။
၁၃၈၅-ခုနှစ် သီတင်းကျွတ်လတွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က အထက်ပါ စုစည်းရရှိခဲ့သည့် မဟာစည်တရားတော်အသံဖိုင်များ နှင့် ၂၀၁၅-ခုနှစ် နှင့် ၂၀၂၃-ခုနှစ်အတွင်းထပ်မံစုဆောင်းရရှိသည့် (ယခင်ကမရရှိဖူးသေးသည့်) မဟာစည်တရားတော် MP3 များကို စုပေါင်း၍ တရားတော်အစဉ် နှင့် ဟောကြားတော်မူခဲ့သည့်နေ့စွဲများကိုပါ ထပ်မံစိစစ်၍ Mahasi Dhamma Podcast - မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) အဖြစ် အင်တာနက်ပေါ်သို့ စတင်ထုတ်လွင့်ခဲ့ပါတော့သည်။
Episodes
Monday Oct 30, 2023
ဝိပဿနာအလုပ်ပေးတရား (၁-နာရီ)
Monday Oct 30, 2023
Monday Oct 30, 2023
မဟာစည်ဆရာတော်ဘုရားကြီးသည် ဝိပဿနာအလုပ်ပေးတရားတော်ကြီး (၁-နာရီ) ကို လည်း ဟောကြားတော်မူ၍ အသံသွင်းယူရန် အခွင့်ပေးခဲ့ပါသည်။ ဝိပဿနာအလုပ်ပေးတရားတော်ကြီး (၁-နာရီ) ကို မည်သည့်ကာလတွင် အသံသွင်းယူတော်မူခဲ့ကြောင်းကို မသိရသေးပါ။ ဝိပဿနာအလုပ်ပေးတရားတော်ကြီး (၁-နာရီ) ကို ရန်ကုန်ဗဟန်းမဟာစည်သာသနာ့ရိပ်သာ၊ ရွှေတောင်ကုန်းပဏ္ဍိတာရာမရိပ်သာ စာအုပ်အရောင်းဆိုင်များမှ Memory Stick ဖြင့် ဖြန့်ချိပေးလျက်ရှိပါသည်။
ဝိပဿနာလုပ်ငန်းစဥ်တရားတော် (၁-နာရီ ၃၀-မိနစ်) စာအုပ်
မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ
မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) ကို ၁၃၈၅-ခုနှစ် သီတင်းကျွတ်လ မှ စ၍ အင်တာနက်ပေါ်သို့ Apple iTune, Google Podcast, Spotify, Amazon Music စသည့် Podcast Directories များမှတဆင့် လွင့်တင်ထားရှိပါသည်။ ကမ္ဘာအရပ်ရပ်မှလွယ်ကူစွာနာယူနိုင်ကြသည့် မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်တွင်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။
Sunday Oct 29, 2023
မဟာပစ္စဝေက္ခဏာတရားတော် (၃/၃) ၁၃၃၉ ခုနှစ် နတ်တော်လဆန်း (၁၀) ရက်
Sunday Oct 29, 2023
Sunday Oct 29, 2023
မဟာစည်ဆရာတော်ဘုရားကြီးသည် မဟာပစ္စဝေက္ခဏာတရားတော်ကြီးကို ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာ မဟာစည်ကျောင်း၌ သီတင်းသုံးစဉ်ကပင် ဆောင်ပုဒ်များနှင့်တကွ ဟောကြားခဲ့ဖူးပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ၁၃၃၉-ခုနှစ်တွင် ရန်ကုန်မြို့သာသနာ့ရိပ်သာ၊ ဖလ်ယဥ်ဓမ္မာရုံတော်ကြီး၌ မဟာစည်ဆရာတော်ကြီး ဟောကြားတော်မူခဲ့သော မဟာပစ္စဝေက္ခဏာတရားတော် အသံဖိုင် ၃-ပိုင်းကို အောက်ပါနေ့ရက်များအတိုင်း စုစည်းရရှိခဲ့ပါသည်။
- ၁၃၃၉ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့-သာရဏီယတရားတော်အပြီး ဆက်ဟောကြားတော်မူသော မဟာပစ္စဝေက္ခဏာတရားတော် (၁)
- ၁၃၃၉ ခုနှစ် နတ်တော်လဆန်း (၈) ရက်-မဟာပစ္စဝေက္ခဏာတရားတော် (၂)
- ၁၃၃၉ ခုနှစ် နတ်တော်လဆန်း (၁၀) ရက်-မဟာပစ္စဝေက္ခဏာတရားတော် (၃)
မဟာစည်ဆရာတော်ကြီးသည် ၂၈-ကြိမ်မြောက် သြဝါဒခံယူပူဇော်ပွဲတွင် “မဟာပစ္စဝေက္ခဏာတရားတော်အရ ဆင်ခြင်ပြီးတော့ မိမိတို့သန္တာန်မှာ ပြည့်စုံသင့်, ပြည့်စုံထိုက်တဲ့ တရားဂုဏ်အင်္ဂါတွေ ပြည့်စုံရဲ့လား, မပြည့်စုံသေးဘူးလားဆိုတာ ဆုံးဖြတ်ဖို့ရာပါပဲ” ဟူ၍ ဩဝါဒမိန့်ကြားတော်မူခဲ့ပါသည်။
- ၁၃၃၉-ခုနှစ်_ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်_သာရဏီယတရားတော်_မဟာပစ္စဝေက္ခဏာတရားတော်
- မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ
မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်တွင်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။
Sunday Oct 29, 2023
မဟာပစ္စဝေက္ခဏာတရားတော် (၂/၃) ၁၃၃၉ ခုနှစ် နတ်တော်လဆန်း (၈) ရက်

- ဆတန

မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်တွင်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။
Thursday Oct 19, 2023
ဝိပဿနာလုပ်ငန်းစဉ်တရား (၁၅-မိနစ်)
Thursday Oct 19, 2023
Thursday Oct 19, 2023
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် သာသနာရေးလုပ်ငန်းများကိုဆောင်ရွက်ရန် ၁၃၁၃-ခုနှစ်/၁၉၅၀-ပြည့်နှစ်တွင် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကို ဥပဒေပြုလွတ်တော်၌ အက်ဥပဒေ အမှတ် ၅၆-ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြပါသည်။
နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ အဖွဲ့ခွဲဖြစ်သည့် ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့က မြန်မာ့အသံမှထုတ်လွင့်ရန် “ဗမာပြည်မှာ လူတိုင်းလူတိုင်းဝိပဿနာလုပ်ငန်းစဉ်ကို နားလည်ပြီးအားထုတ်နိုင်အောင် သိလွယ်တဲ့နည်း, လွယ်ကူတဲ့နည်းတို့ဖြင့် ဟောကြားတော်မူပါ” ဟုလျှောက်ထားကြသဖြင့် မဟာစည်ဆရာတော်ကြီးက ဟောကြားတော်မူခဲ့သည့် တရားတော်ဖြစ်ပါသည်။ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီး၏ လျောက်ထားချက် နှင့် မြန်မာနိုင်ငံတွင် ဝိပဿနာလုပ်ငန်းများကို ပြန့်ပွားစေရန် ဆောင်ရွက်ခဲ့သည့်ခုနှစ်များအရ ဤတရားတော်ကို ၁၃၁၃-ခုနှစ် ကာလများက ဟောကြားတော်မူခဲ့သည်ဟု ခန့်မှန်းသိရှိရပါသည်။ [“၁၃၂၀-ခုနှစ် ၁၉၅၈_ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ အဋ္ဌုပ္ပတ္တိသမိုင်း.pdf”, နှာ-၁၀၂, ၁၂၆ မှ ၁၂၈]
- ဝိပဿနာလုပ်ငန်းစဥ်တရားတော် (၁၅-မိနစ်) စာအုပ်
- ၁၃၂၀-ခုနှစ် ၁၉၅၈_ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့အဋ္ဌုပ္ပတ္တိသမိုင်း
- မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ
မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) ကို ၁၃၈၅-ခုနှစ် သီတင်းကျွတ်လ မှ စ၍ အင်တာနက်ပေါ်သို့ Apple iTune, Google Podcast, Spotify, Amazon Music စသည့် Podcast Directories များမှတဆင့် လွင့်တင်ထားရှိပါသည်။ ကမ္ဘာအရပ်ရပ်မှ လွယ်ကူစွာနာယူနိုင်ကြသည့် မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်တွင်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။
Tuesday Oct 17, 2023
ဝိပဿနာအလုပ်ပေးတရား (၃၀-မိနစ်)
Tuesday Oct 17, 2023
Tuesday Oct 17, 2023
မဟာစည်သာသနာ့ရိပ်သာသို့ လာရောက်တရားအားထုတ်သည့် ယောဂီသစ်များအား ညနေ ၅-နာရီအချိန်တွင် မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ဖြစ်စေ, အလှည့်ကျဆရာတော်တစ်ပါးက ဖြစ်စေ သီလပေးတရားဟောကြားတော်မူ၍ မဟာစည်ဆရာတော်ကြီးအသံသွင်းယူထားသည့် “ဝိပဿနာအလုပ်ပေးတရားတော် (၃၀-မိနစ်)” ကို ဖွင့်ပြနာယူစေပါသည်။ ဝိပဿနာရှုမှတ်ပုံ အလုပ်များကိုညွှန်ပြတော်မူသည့်တရားတော်ဖြစ်၍ “ဝိပဿနာအလုပ်ပေးတရားတော်” ဟု ခေါ်ဝေါ်ကြပါသည်။ ဤ တရားတော်သည် မဟာစည်သာသနာ့ရိပ်သာ, ပဏ္ဍိတာရာမ-ရွှေတောင်ကုန်းသာသနာ့ရိပ်သာ, သဒ္ဓမ္မရံသီရိပ်သာ, ရွှေမင်းဝံသာသနာ့ရိပ်သာတို့တွင် ဖွင့်လှစ်ပေးလျက်ရှိသော ဝိပဿနာအလုပ်ပေး (၃၀-မိနစ်)တရားတော် ကြီးပင်ဖြစ်ပါသည်။
- ယောဂီသစ်များအား အလုပ်ပေးတရားဖွင့်ပြပုံ
- ဝိပဿနာအလုပ်ပေးတရား (၃၀-မိနစ်) တရားတော်အိတ်ဆောင်စာအုပ်
- မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ
Mahasi Dhamma Podcast - မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) ကို ၁၃၈၅-ခုနှစ် သီတင်းကျွတ်လ မှ စ၍ အင်တာနက်ပေါ်သို့ Apple iTune, Google Podcast, Amazon Music စသည့် Podcast Directories များမှတဆင့် လွင့်တင်ထားရှိပါသည်။ ကမ္ဘာအရပ်ရပ်တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ကြသည့် မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) တရားတော်ပြန့်ပွားရေးကုသိုလ်တော်တွင် ကုသိုလ်ပါဝင်ရယူလိုသူများ သည် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။